Who we are?

ကျွန်ုပ်တို့သည် မန္တလေးမြို့အခြေစိုက် စိန်ရွှေရတနာလုပ်ငန်းစုတစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ကာစတမ်မာများကို အွန်လိုင်း၊ မြေပြင်ကြားခံနှစ်ရပ်ဖြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ "ရွှေတံတား"ဟူသည့် အမည်နာမသည် ၁၉၉၅ခုနှစ်တွင် လုပ်ငန်းစုနာယက ဦးဉာဏ်ဝင်းနှင့် ဒေါ်တင်တင်အေးတို့မှ မြို့တော်စည်ပင်၏ အသေးစား ငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ဖြင့် ငွေချေးလုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ တည်ထောင်သည်မှစ၍ ကာစတမ်မာများ၏ အာမခံအပ်နှံထားသော ပစ္စည်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် လုပ်ငန်းနယ်ပယ် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ မိသားစုနေအိမ်ရှိ ဆိုင်ခန်းငယ်ကိုလည်း တဖြည်းဖြည်း တိုးချဲ့လာခဲ့ရပါသည်။


ထပ်မံ၍ စိန်ရွှေေရတနာအရောင်းအဝယ်လုပ်ငန်းကို ၂၀၁၈ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ ရတနာပစ္စည်းအမျိုးအစား ပိုမိုစုံလင်များပြားအောင် ကြိုးစားလာသည်နှင့်အမျှ ကာစတမ်မာများ၏ လက်ဝတ်ရတနာပြုပြင်အကြံပေးသည့် ပန်းထိမ်ဝန်ဆောင်မှုကို ၂၀၁၉ခုနှစ်တွင် စတင်လုပ်ကိုင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လုပ်ငန်းအရှိန်မပျက် လုပ်ကိုင်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်ကာကွယ်မှုများနှင့် အွန်လိုင်းအရောင်းလုပ်ငန်းကို ၂၀၂၀ခုနှစ်တွင် စတင်လုပ်ကိုင်သည်။ အနယ်နယ်အရပ်ရပ်မှ ကာစတမ်မာများကို ပိုမိုကောင်းမွန်စနစ်ကျသည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လုပ်ငန်းအခြေခံအဆောက်အဦကို ပြုပြင်ဆောက်လုပ်ကာ တိုးချဲ့ပြခန်းသစ်ဖွင့်ပွဲကို ၂၀၂၂ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် ဆိုင်အမှတ်(၂) စိန်ရွှေရတနာပြခန်းကို ၆၂လမ်း စင်ထရယ်ပွိုင့်ဈေးဝယ်စင်တာ၌ စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခု ၂၀၂၄ တွင် ဆိုင်အမှတ် (၃) စိန်ရွှေရတနာပြခန်းကို ၇၈လမ်း ဒိုင်းမွန်းပလာဇာတွင် အောင်မြင်စွာချဲ့ထွင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ShweTatar Founders

ဦးဉာဏ်ဝင်း

ဒေါ်တင်တင်အေး

ရွှေတံတား၏ အောင်မြင်ခဲ့သောမှတ်တိုင်များ

1995

လိုင်စင်ရငွေကြေးလုပ်ငန်း

2018

စိန်ရွှေရတနာဆိုင်

2019
ပန်းထိမ်လုပ်ငန်း
2020

အွန်လိုင်းအရောင်းလုပ်ငန်း

2022

တိုးချဲ့ပြခန်းသစ်

2023

ဆိုင်အမှတ် (၂)

2024
ဆိုင်အမှတ် (၃)
ရွှေတံတား၏ အနာဂတ်မျှော်ရည်ချက် (Vision)
  • ကျွန်ုပ်တို့သည် ဆက်စပ်သူ အားလုံးကို အကျိုးပြုနိုင်သော ရေရှည်တည်တံ့သည့် လုပ်ငန်းစုတစ်ရပ် ဖြစ်လာစေရန် မျှော်ရည်ပါသည်။
ရွှေတံတား၏ ဦးတည်ချက်လမ်းစဉ် (Mission)
  • စံချိန်မှီ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆန်းသစ်ဖန်တီးနိုင်ရေး။
  • ဝန်ထမ်းများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေး။
  • ပြည်သူအများ ယုံကြည်စိတ်ချမှု ရရှိရေး။ 
  • စနစ်အခြေခံ လုပ်ငန်းအသွင် ပီပြင်ရေး။
  • နည်းပညာဖြင့် နိုင်ငံအနှံ့ ရောက်ရှိရေး။

ရွှေတံတား၏ ရည်ရွယ်ချက်ပန်းတိုင် (Goal)

  • ၂၀၃၀ ပြည့်နှစ်တွင် လက်ဆောင်ရတနာထည်ဈေးကွက်၏ ဦးဆောင်သူတစ်ဦး ဖြစ်လာရန်။

ရွှေတံတား၏ စံတန်ဖိုးထားမှု(Core Value)

  • Creativity ဆန်းသစ်ဖန်တီးခြင်း။ 
  • Customer Centric ဖောက်သည် နှင့် ဝန်ထမ်း အခြေပြုခြင်း။
  • Intelligent အသိဉာဏ်ကြွယ်ဝခြင်း။
  • Insurance ခိုင်မာမှု။
  • Integrity ကိုယ်ကျင့်တရားကောင်းခြင်း။
  • Intimate ယဉ်ကျေးဖော်ရွေခြင်း။
  • Inclusiveness အားလုံးပါဝင်နိုင်မှု။ 

ရွှေတံတားတွင် အဘယ့်ကြောင့် ရွှေဝယ်သင့်သလဲ

  • "နောင်ရေးအတွက်မျှော်တွေး စိတ်အေးစေဖို့ ရွှေတံတားမှာ ရွှေစုစို့" ဟူသော ဆောင်ပုဒ်နဲ့အညီ စံသိပ်သည်းဆ (၁၉.၂) အပြည့်ရှိသော မီးလင်းအခေါက်ရွှေ ဖြတ်စများကို အနည်းဆုံး (၁)ရွေးသားမှစ၍ အလျော့တွက်/လက်ခ “လုံးဝ” မပါဘဲ ရွှေတံတားတွင် လိုသလောက် စိတ်တိုင်းကျ ဝယ်ယူစုဆောင်းနိုင်ပါသည်။ ရွှေတံတားတံဆိပ်ပါ အပိုင်းအစများအပြင် အကယ်ဒမီရွှေများကို ဝယ်ယူစုဆောင်းလိုလျှင် အနည်းဆုံး (၁)ကျပ်သားမှစ၍ လိုသလောက် ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။