Our Services

အခမဲ့ ဝန်ဆောင်မှုများ

မည်သည့်ဆိုင်ထည်/အပြင်ထည်မဆို အခမဲ့ အကန့်အသတ်မရှိ

အသံလွန်လှိုင်းစက်ဖြင့် ချေးချွတ်သန့်စင်ပေးခြင်း။

နားတိုင်ဖြောင့်ပေးခြင်း

ကလစ်ရွှေကွာ ပြန်ကပ်ပေးခြင်း

ကျောက်ပြုတ်ပြန်တပ်ပေးခြင်း

လက်စွပ်၊ လက်ကောက် ကွင်းညှိပေးခြင်း (အကျစ်ထည်)

ခေတ်မီ ဓာတ်ရောင်ခြည်စမ်းစက်၊ ကွန်ပျူတာ သိပ်သည်းဆစမ်းစက်တို့ဖြင့် အထည်မရေး အခမဲ့ ရွှေရည် စမ်းသပ်ပေးခြင်း

ရွှေပန်းထိမ်လုပ်ငန်း

အတွေ့အကြုံရှိ ဝါရင့် ပန်းထိမ်ဆရာကြီးမှ ဦးဆောင်ထားခြင်း

စိတ်တိုင်းကျ ဒီဇိုင်းများ အော်ဒါအပ်နှံနိုင်ခြင်း

ကွန်ပျူတာ သုံးဖက်မြင် ဒီဇိုင်းများ ရေးဆွဲပေးခြင်း

မည်သည့်ရွှေထည်မဆို ပြုပြင်ဝန်ဆောင်မှုပေးခြင်း

ရတနာထည် အပိုပစ္စည်းများ ပြုလုပ်ပေးခြင်း

စာလုံး၊ ဓာတ်ပုံများအား လေဆာထွင်းထုပေးခြင်း

ရွှေတံတားတွင်...

သဘာဝစိန်ထည်၊ GIA စိန်ထည်

ပြည်တွင်းရွှေထည် (မီးလင်း၊ ၁၅ပဲရည်၊ ၁၄ပဲ၂ပြားရည်၊ ၁၄ပဲရည်)

နိုင်ငံခြားရွှေထည် (999-24Kထည်၊ 5G-24Kထည်၊ 750-18Kထည်)

ကျောက်သံပတ္တမြားထည် (ပတ္တမြား၊ နီလာ စသည်...)

မီးလင်းအပိုင်း၊ ဖြတ်စ (အကယ်ဒမီ၊ ရွှေတံတား)

ရွှေပြားကဒ်၊ အန်ပေါင်းကဒ်၊ ရွှေစုကဒ်၊ ရွှေစငွေစကဒ်၊ E gold Card

ကျွန်းနက်၊ နံ့သာ၊ ကျောက်မျက်ပုံဆောင်ခဲများ

လက်မှုထည်ပစ္စည်းများ (Macramé၊ ဖန်စီ၊ ပန်းစည်းများ)

လက်ဆောင်ရတနာထည် ဝန်ဆောင်မှုအမျိုးမျိုး

စပရိုက်လက်ဆောင် ဝန်ဆောင်မှုအမျိုးမျိုး

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး

လုပ်ငန်းအသင်းအဖွဲ့များအတွက် လိုလားချက်များနှင့် ကိုက်ညီစေရန် စိတ်တိုင်းကျ ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်

ဘာကြောင့်ရွှေတံတားလဲ...

  • ရွှေထည်များကို ရွှေဖြည့်လဲသောအခါ အလျော့တွက်တစ်ဝက်ပြန်ပေးခြင်း
  • ရွှေထည်ဝယ်ယူတိုင်း အလျော့တွက် (သို့) လက်ခတစ်မျိုးသာ ကျသင့်ခြင်း
  • ရွှေအရည်အသွေးကို အထည်မရွေး ခေတ်မီ ဓာတ်ရောင်ခြည်စမ်းစက်၊ ကွန်ပျူတာသိပ်သည်းဆ စမ်းစက်တို့ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း
  • လေဆာဖြင့် နှစ်သက်ရာစာလုံး၊ ပုံများကို ထွင်းထုပေးခြင်း
  • ရွှေချိန် တစ်ရွေးဖြင့် ရွှေဝတ်ဆင်နိုင်ခြင်း
  • အွန်လိုင်းမှ အိမ်တိုင်ရာရောက် ငွေချေစနစ်ဖြင့် မှာယူနိုင်ခြင်း
  • ရွှေပါဝင်မှုနှုန်း ၇၅၀ အပြည့်ရှိသော 18K ကိုသာ ရောင်းချပေးခြင်း
  • စိန်နှင့် သဘာဝကျောက်မျက်များကို ကျောက်မျက်ဓါတ်ခွဲခန်း စစ်ဆေးချက်လက်မှတ်ဖြင့် ရောင်းချပေးခြင်း
  • ကိုယ်စားလှယ်ရောင်းချသူများအတွက် နှစ်ဖက်အကျိုး ဖြစ်ထွန်းစေရန် အစီအစဉ်များရှိခြင်း
  • www.shwetatar.com တွင် အချိန်/နေရာမရွေး အလွယ်တကူ ဝင်ရောက်ကြည့်ရှူ အားပေးနိုင်ခြင်း

ရွှေတံတားမှာ


-  18K လို့ပြောလိုက်ရင် အရည်အသွေး ရွှေ ၇၅% ပါဝင်သော Au ၇၅၀ တစ်မျိုးထဲကိုသာ တင်သွင်းရောင်းချပါတယ်။
- 18K အဖြူရောင်၊အဝါရောင်၊ပန်းရောင်၊ နှစ်ရောင်စပ်၊ သုံးရောင်စပ် စသည်ဖြင့် အရောင်စုံဒီဇိုင်းစုံဝယ်ယူရရှိနိုင်ပါတယ်။
- လက်ခ ထည်၊ ရာခိုင်နှုန်းထည် ဆိုပြီးတော့ နှစ်မျိုးရောင်းချပေးပါတယ်။ ၁ ဂရမ်အောက်လေးတွေကတော့ လက်ခထည်ဖြစ်ပြီး ၁ ဂရမ်အထက်တွေက ရာခိုင်နှုန်းထည်လို့ယေဘူယျ သတ်မှတ်နိုင်ပါတယ်။
- အထည်မပျက်စီး ပြန်လဲ ၁၀%၊ ပြန်သွင်း ၁၅%၊ အထည်ပျက်စီး ပြန်လဲ ၂၀%၊ ပြန်သွင်း ၂၅ % နဲ့ရောင်းချပြီး 18K ပြန်ဝယ်ပေါက်ဈေးနဲ့လဲ ပြန်လည်ရောင်းချနိုင်ပါတယ်။ ၁ ဂရမ်အထက်အထည်တွေကို အကြောင်းမျိုးမျိုးကြောင့် ၃ ရက်အတွင်း အထည်မူလအခြေအနေအတိုင်းရှိပြီး ပြန်လည် လဲလှယ်လိုပါက အလျော့လက်ခ မကျသင့်ပဲ ဒဲ့လဲနိုင်ပါတယ်။ မှတ်ချက်အနေနဲ့ ရွှေချိန်တူ (သို့) ရွှေချိန် ပိုတာဖြစ်ရပါမယ်။





B2B ဝန်ဆောင်မှု

“ရွှေတံတား” စိန်ရွှေရတနာဆိုင်မှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်း၊ အဖွဲ့အစည်းအတွက်

လိုလားချက်နဲ့ အကိုက်ညီဆုံး B2B ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါပြီ 🥰

စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းအသင်းအဖွဲ့များမှ မိမိတို့ ဖောက်သည်များအတွက် ပရိုးမိုးရှင်းလက်ဆောင်များစီစဉ်ခြင်း၊ လုပ်ငန်းမိတ်ဖက်ပါတနာအချင်းချင်းအတွက်

အမှတ်တရလက်ဆောင်များပေးခြင်း၊ ဝန်ထမ်းများအား လက်ဆောင်ပေးခြင်း၊ ဆုချခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်း စသည်တို့ ပြုလုပ်လိုပါသလား။

“ရွှေတံတား”၏ B2Bဝန်ဆောင်မှုတွင်

  • ငွေပမာဏ အကန့်အသတ်မရှိ
  • အရေအတွက် အကန့်အသတ်မရှိ
  • ပေးသူ၊ ရသူ အဆင်ပြေတဲ့ သောင်းဂဏန်းဝန်းကျင် ရွှေထည်ပစ္စည်းများ ရွေးချယ်နိုင်ခြင်း
  • လုပ်ငန်း/အဖွဲ့ကို ကိုယ်စားပြုတဲ့ အမှတ်တရ ဆု၊ လက်ဆောင်များ စီစဉ်နိုင်ခြင်း
  • လုပ်ငန်းအတွက် အမှတ်တရ တူညီပစ္စည်းများ သီးသန့်မှာယူဖန်တီးနိုင်ခြင်း
  • လုပ်ငန်းအမည်၊ ဝန်ထမ်းအမည်၊ လိုဂို၊ အမှတ်တရနေ့စွဲ စသည်တို့ကို လေဆာစာလုံးထွင်းပေးခြင်း
  • ဝယ်ယူတဲ့ အရေအတွက်အလိုက် အထူးကံစမ်းမဲ အစီအစဉ်များ စီစဉ်ပေးခြင်း။
  • ရွှေတံတားမှ လူကြီးမင်းတို့ရှိရာထိ One Stop Service ဖြင့် လုပ်ငန်းအရောက် လာရောက် ရောင်းချပေးနိုင်ခြင်း... စသည်တို့ ရရှိနိုင်ပါသည်။


စိတ်ကြိုက် ကဏ္ဏ

စိတ်ကြိုက်ကဏ္ဏတွင် လူကြီးမင်းတို့ စိတ်တိုင်းကျ ပန်းစည်းများ စီးနိုင်ခြင်း ၊ စိတ်ကြိုက် ပိုးကြိုးဒီဇိုင်းများကို  အခမဲ့ကျစ်ပေးခြင်း ၊ ရွှေတံတား ဆိုင်မှ ဖန်တီးထားသော Tote Bag များကို စိတ်တိုင်းကျ ‌ရွေးချယ်နိုင်ခြင်း  နှင့် ခေတ်မှီ၍ သေသပ်လှပသော လက်စွပ် ၊ ဆွဲသီး များကို စိတ်တိုင်းကျ အော်ဒါအပ်နှံနိုင်ခြင်း တို့ပါဝင်ပေသည်။

ရွှေတံတား စိန်ရွှေရတနာဆိုင်တွင် ပိုးကြိုးများကို ဝယ်သူစိတ်တိုင်းကျ လူကြီး၊လူငယ် ၊အမျိုးသား အမျိုးသမီး ကလေး အရွယ်မရွေး စိတ်တိုင်းကျ ဒီဇိုင်းများကို ဖန်တီးပြုလုပ်ပေးပါသည်။


တစ်ပါးသူအပေါ်ထားတဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့အခါမှာ မပါမဖြစ်ကတော့ ပန်းစည်းလေးဘဲပေါ့နော်။ ဒါပေမဲ့ ပန်းစည်းကြည့်ပေးရတဲ့အခါ ရိုးနေမှာစိုးတဲ့အတွက် ရွှေတံတားဆိုင်မှာ ဝယ်သူများ စိတ်တိုင်းကျ အလျော့တွက်လုံးဝမပါတဲ့ ရွှေပြားကဒ် ပန်းစည်းလေးတွေပါ။

ရွှေတံတားမှ ယခုလိုလက်ဆောင်ပစ္စည်းခြင်းများကိုလည်း 

စိတ်တိုင်းကျပြင်ဆင် ဝန်ဆောင်မှုလည်းပေးပါတယ်နော်။

"ရွှေတံတား" ၏ ဖန်တီးမှုများ

Online Service

Social Media