စိန်ရွှေရတနာ အရောင်းပြခန်း


ရာခိုင်နှုန်းထည် ဆိုတာ


          ရွှေဈေးတက်တာကျတာတွေ မလိုချင်ဘူး ငွေစုချင်တယ် ပုံသေအရှုံးပဲလိုချင်တယ် ဆိုတဲ့ သူမျိုးတွေအတွက် ရာခိုင်နှုန်းလျော့နဲ့ ရွှေဝယ်တာက အရှုံးသက်သာပါတယ်။ ဒါ့အပြင် ပြန်ရောင်းတဲ့အချိန် ဈေးတက်နေရင် တက်တဲ့ပေါက်ဈေးနဲ့ပါ ပြန်ဝယ်ပေးပါသေးတယ်။ ကိုယ့်မှာရှိတဲ့ ငွေအမောင့်နဲ့ ကိုက်ညီတဲ့ ပစ္စည်းကို ဝယ်ယူရရှိနိုင်ပါတယ်။ တစ်ခုရှိတာက %နဲ့ပြန်ရောင်းလို့ အထည်ပျက်စီးလာရင်တော့ ဘောင်ချာမှာပါတဲ့ လခ တော့လျော့နိုင်တဲ့ အားနည်းချက်ရှိပါတယ်။ %ထည်တွေဟာ တစ်လ အတွင်းပြန်လဲပါက ဒဲ့လဲနိုင်ပြီး တစ်လကျော်မှလဲပါက လဲ ၂% ပြန်သွင်း ၅% ကျသင့်ပါမယ်။​

စိန်ထည်တွေ ဝယ်မယ်ဆိုရင်


          စိန်တွေကိုစိန်တန်ဖိုး/ကျောက်တွေကိုကျောက်တန်ဖိုး စျေးနှုန်းမြင့်နိုင်ပြီးအသုံးပြုထားသောရွှေရည်မှာ ၁၂ ပဲရည်နှင့်အများဆုံးပြုလုပ်ထားပါသည်။ထို့မှသာ စိန်ပြုတ်ထွက်ခြင်း ကျောက်ပြုတ်ထွက်ခြင်းများလျော့နည်းနိုင်မည်။ ထိုအထည်များကို ဝယ်ယူလိုပါက ရာခိုင်နှုန်းလျော့ဖြင့်ဝယ်ယူနိုင်ပြီး ပြန်လည်ရောင်းချလိုပါက ရာခိုင်နှုန်းလျော့/ ပေါက်ဈေး နှစ်မျိုးလုံးဖြင့်ရောင်းချနိုင်သည့်အပြင် % အမြတ်များပါထပ်ဆောင်းရရှိနိုင်ပါသည်။ ထိုအထည်များသည် လဲရင် ၂% ပြန်ရောင်းပါက ၅/၆/၇ % အရည်အသွေးပေါ်မူတည်ပြီးကျသင့်နိုင်ပါသည်။



Au 750 တံဆိပ်ပါ ၇၅ ရာခိုင်နှုန်းပြည့်ရွှေ

ရွှေတံတားရဲ့ ဒိတ်ဒိတ်ကြဲ

ရွှေစုကဒ်

ရွှေတံတားမှာ ရွှေစုကဒ်လေးတွေလုပ်ထားပြီး ရွှေစုလို့ရနေပါတယ်နော်။ တစ်ရွေးချင်းစုရမှာဖြစ်လို့ ငွေ ၃ သောင်းဝန်းကျင်ရှိတာနဲ့ စုထားလို့ရမှာဖြစ်ပါတယ်။ တစ်ပဲ (၈ ရွေး) ရသွားရင်တော့ လူကြီးမင်းတို့ အလိုရှိတဲ့အတိုင်း ရွှေပဲထုတ်ထုတ်၊ ငွေပဲ ထုတ်ထုတ် ထုတ်ယူလို့ရနိုင်ပါတယ်။ ကဲ. . . ရွှေစုမယ်ဆိုရင် ရွှေတံတားကို မမေ့နဲ့နော်။