အသေးစားငွေရေးကြေးရေးလုပ်ငန်း
- ရွှေတံတား၏ အသေးစား ငွေကြေးလုပ်ငန်းကို မိသားစုနေအိမ်၌ပင် စတင်ဖွင့်လှစ်ခဲ့သည်။
- နာယကများမှ မဆုတ်မနစ် ကိုယ်တိုင် လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ စနစ်အခြေပြု ခေတ်မီပုံစံ ပြောင်းလဲခဲ့ပြီဖြစ်သည်။
- ချေးငွေဝန်ဆောင်မှုများအားလည်း သင့်တင့်မျှတသော နှုန်းထားများဖြင့် ညှိနှိုင်းလုပ်ဆောင်ပေးလျှက်ရှိသည်။
- ဖြောင့်မတ်မှန်ကန်မှု၊ တာဝန်ယူပေးနိုင်မှု နှင့် ဖော်ရွေလှိုက်လှဲမှု များကြောင့် ယုံကြည်မှု အမြင့်ဆုံး နှင့် ဝန်ဆောင်မှုအကောင်းဆုံး အဖြစ် အသိအမှတ်ပြုခံထားရပြီး၊
- မန္တလေးမြို့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအနက် ဂုဏ်သိက္ခာရှိ ဝါရင့် အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံထားရလျက်ရှိသည်။
ဝန်ဆောင်မှုများ
ရွေတံတား စိန်ရွှေရတနာဆိုင်တွင် အပေါင်နှင့်ပတ်သက်၍ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
- စိန်၊ ရွှေ၊ White Gold (750,585)၊ Platinum စသော ပစ္စည်းများအပြင် ဆိုင်ကယ်၊ကား ပစ္စည်းများကို အတိုးနှုန်းသက်သာစွာဖြင့် အပေါင်ထား၍ရခြင်း
- ရွှေတံတားဆိုင်မှ ဝယ်ယူထားသောပစ္စည်းများကို ပေါင်နှံရာတွင် ရွှေတံတားဘောင်ချာပါပါက တခြားပစ္စည်းများထက်ပို၍ အတိုးနှုန်းသက်သာခြင်း
- အပေါင်ကာလကုန်ဆုံးမည့် ပစ္စည်းများကိုလည်း ကြိုတင်၍ ဧည့်သည်များထံသို့ ဖုန်းဆက်၍ အကြောင်းကြားပေးခြင်း။
အတိုးနှုန်းများမှာ...
ရွှေအတိုး
အပြင်ထည် | 2.9% ကျပ် |
ဆိုင်ထည် | 2.25% ကျပ် |
White Gold အတိုး
ဘောင်ချာပါ | 3% ကျပ် |
ဘောင်ချာမပါ | 3.5% ကျပ် |
Diamond အတိုး
ဘောင်ချာပါ | 3.5% ကျပ် |
ဘောင်ချာမပါ | 4.5 % ကျပ် |
အာမခံကာလများ
- စိန်ရွှေရတနာပစ္စည်းများအတွက် အာမခံကာလ (၄)လ ထားရှိပေးခြင်း။
- ဆိုင်ကယ်/ကားစသော ပစ္စည်းများအတွက် အာမခံကာလ (၁)လထားရှိပေးခြင်း။
- ရွှေတံတား အနေဖြင့် အာမခံကာလ ကျော်လွန်သွားသော ပစ္စည်းများကို လူကြီးမင်းတို့စိတ်ကြိုက် ဆွေးနွေးညှိနှိုင်းမှုများဖြင့်လည်း ဝန်ဆောင်မှုပေးပါသည်။
စည်းမျဉ်းစည်းကမ်းများ
- အပေါင်ပစ္စည်းသည် မိမိတစ်ဦးတည်းပိုင်ဖြစ်ပြီး အချုပ်အခြယ် ကင်းရှင်းရပါမည်။
- အာမခံကာလပြည့်သော်လည်း မရွေးလိုပါက ကျသင့်အတိုးငွေ ပေးသွင်းပြီး လက်မှတ်အသစ်လဲရပါမည်။ ထိုသို့မဟုတ်ပါက အပေါင်ပစ္စည်းဆုံးပါမည်။
- အွန်လိုင်းမှတဆင့် အတိုးသွင်းလိုပါက ShweTaTar Gold & Jewellery Official Page မှတဆင့် ငွေလွှဲ၍ အတိုးသွင်းနိုင်ပါသည်။ အွန်လိုင်းမှအတိုးသွင်းခြင်း ပြုလုပ်ထားပါက လာရောက်ရွေးယူသည့်အခါ မူလဘောင်ချာအဟောင်းကို ယူဆောင်လာရန် လိုအပ်ပါသည်။
- ချေးငွေ၏ ကျသင့်အတိုးငွေ ပေးသွင်းပြီးပါက မူလချေးငွေ၏ ပမာဏအချို့အား ပေးသွင်းခြင်း၊ ချေးငွေထပ်မံရယူခြင်းများ လုပ်ဆောင်နိုင်ပါသည်။
- ပစ္စည်းပေါင်ပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်းရွေးလျှင် တစ်လတိုးပေးရပါမည်။ တစ်လကျော်လွန်ပါက ၁၅ရက်နှင့်အောက်အတွက် လဝက်တိုးပေးရပါမည်။
- အပေါင်ပြေစာပါစာလုံးများကို မသမာသောနည်းဖြင့် ပြင်ဆင်ခြင်း၊ ခိုးရာပါပစ္စည်း အတုအပ ပစ္စည်းများ လာရောက်ပေါင်နှံပါက ဥပဒေအရ အရေးယူမည်။
- အပေါင်လက်မှတ်ပျောက်ဆုံးလျှင် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာနှင့် မှတ်ပုံတင်မူရင်း ယူဆောင်လာပြီး ဆိုင်သို့ အချိန်မီလာရာက်အကြောင်းကြားပေးရပါမည်။ ဆိုင်သို့ အကြောင်းမကြားမီ ပစ္စည်းရွေးယူသွားပါက ဆိုင်၏ တာဝန်မဟုတ်ပါ။
- ဆိုင်မှမထွက်ခွာမီ မိမိငွေနှင့်ပစ္စည်းများအား သေချာစွာ စစ်ဆေးပါ။ ထွက်ခွာပြီးနောက်ဖြစ်ပေါ်လာသော ကိစ္စများသည် ဆိုင်၏တာဝန်မဟုတ်ပါ။
- ရန်သူမျိုးငါးပါး တာဝန်မယူပါ။ ဆိုင်ဖွင့်ချိန် နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ ထိ။
- ဆိုင်ပိတ်ရက်များ- သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း (၁) ရက်နေ့အထိ၊ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်တိုင်လပြည့်နေ့၊ တရုတ်နှစ်သစ်နေ့။