"ကျွန်ုပ်တို့သည် ဆက်စပ်သူများကို အကျိုးပြုနိုင်သော 

ရေရှည်တည်တံ့သည့် လုပ်ငန်းအုပ်စု ဖြစ်လာစေရန် မျှော်ရည်ပါသည်။"​​​​​​​

ရွှေတံတားရဲ့ လှုပ်ရှားမှုပုံရိပ်များ

ဝန်ထမ်းများအတွက်

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့နဲ့အတူ အာဟာရပြည့်ဖွယ်များဝေငှစဉ်။

ပိုမိုသိရှိရန်

ဆန်အလှူတော် (၃၃၃) ပြည်

ဆိုင်အမှတ် ၃ ဖွင့်ပွဲ အမှတ်တရ ဆန် ၃၃၃ ပြည် တိတိ အလှူမင်္ဂလာပြုလုပ်စဉ်။

ပိုမိုသိရှိရန်

ကထိန်သင်္ကန်းကပ်လှူခြင်း

၂၀၂၃ခုနှစ်၊ ကထိန်အလှူတော်မင်္ဂလာကို ဝန်ထမ်းများနှင့်အတူတကွ ဆင်တဲတိုက်တွင် စာရေးတံမဲပွဲနှင့်အတူ ကျင်းပစဉ်။

ပိုမိုသိရှိရန်

ဆန်အပြည် ၅၀၀ အလှူ

၂၀၂၃ခု၊ ၅လပိုင်း ၅ရက်နေ့မှာ ရုံးခွဲနေရာသစ် စတင်ဖွင့်လှစ်ခြင်းနဲ့အတူ ရပ်ကွက်နေ ပြည်သူတို့အတွက် ကမ်းလက်တစ်စုံအဖြစ် ဆန်အပြည် ၅၀၀ ကို မျှဝေလှူဒါန်းခဲ့ပါတယ်။


မျက်မမြင်လက်ဖတ်စာ

ပြင်ဦးလွင်မှာရှိတဲ့ မျက်စိအလင်း မပြည့်စုံခဲ့သော လူငယ်တို့အတွက် လက်ဖတ်စာအရွက် (၇၀၀)နှင့်တကွ ဆန်၊ ဆီ၊ ဆား စသည့် လှူဖွယ်ဝတ္တုများကို သွားရောက်လှူဒါန်းစဉ်။

ပိုမိုသိရှိရန်

သင်္ကြန်စတုဒီသာ

သင်္ကြန်နှစ်ကူးကို ကြိုဆိုသောအားဖြင့် ‘ရွှေတံတား’ရဲ့ ချစ်မိတ်ဆွေအားလုံးကို အရသာရှိသောမုန့်လုံးရေပေါ်များနှင့်အတူ အအေးမျိုးစုံနှင့်ပါ ကုသိုလ်ပြုဧည့်ခံခဲ့တဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုမိုသိရှိရန်

ရပ်ကွက်နေပြည်သူများ

"ရွှေတံတား”ရဲ့ လုပ်ငန်းမိတ်ဖက်ဖြစ်တဲ့ “မိုးသူ အင်ဂျင်ဝိုင်ရောင်းဝယ်ရေး” မှ မွေးနေ့အမှတ်တရ အလှူဒါနအနေဖြင့် အများပြည်သူအပေါင်းနှင့် “ရွှေတံတား” ဝန်ထမ်းများအတွက်ဆန်၊ ဆား၊ အင်္ကျီနှင့် မုန့်အတွဲ ၁၀၀၀ ကို လှူဒါန်းခဲ့စဉ်။

ပိုမိုသိရှိရန်


လမ်းဖောက်ခြင်း အလှူ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကမ်းနားလမ်းအနီး၊ မင်္ဂလာစက်ရိပ်ရွာရှိ အများပြည်သူသွားလာရန် လမ်းအလှူ

ပိုမိုသိရှိရန်


ဆန် ၃၀၀ ပြည် အလှူ

နာယကကြီးများနှင့် ဝန်ထမ်းများမှ အတူတကွ အများပြည်သူအတွက် ဆန်အပြည် (၃၀၀) လှူဒါန်းတဲ့ အမှတ််တရ။

ပိုမိုသိရှိရန်


တတ်စွမ်းသမျှ ပြန်လည်မျှဝေ

မသန်ပေမယ့် စွမ်းတဲ့အနာဂတ် အလင်းတန်းလေးများအတွက်“ရွှေတံတား” စိန်ရွှေရတနာ မိသားစုမှ“အသုံးချလက်မှုပညာမျှဝေမှုအစီအစဉ်” ပွဲလေးကျင်းပဖြစ်ခဲ့တဲ့ အမှတ်တရပုံရိပ်များ။

​ပိုမိုသိရှိရန်


သီတင်းကျွတ်

ရွှေတံတားရဲ့ ယဉ်ကျေးမှုဟာဖြင့် ရာထူးကြီးငယ်မဟူ ကြီးသူကို ငယ်သူက သီတင်းကျွတ်အခါသမယမှာ စုပေါင်း ဂါရဝပြုကြပါတယ်။ 

​ပိုမိုသိရှိရန်


ဆွမ်းအလှူ

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ရိပ်သာဖားအောက်တောရရိပ်သာခွဲ (မန္တလေးမြို့)မှာ နေ့ဆွမ်းအလှူ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပါတယ်။

​ပိုမိုသိရှိရန်


ဆိုင်အမှတ် ၂ ဖွင့်ပွဲ

ရွှေတံတား စိန်ရွှေရတနာဆိုင်ခွဲ(၂)ရဲ့Grand Openingကြီးကို ရပ်ဝေးရပ်နီးမှ တကူးတကလေးလေးစားစားနဲ့ ကြွရောက်ချီးမြင့်​ကြသော ရွှေတံတားချစ်သူအားလုံးကို ကျေးဇူးတင်ရှိပါသည်။

​ပိုမိုသိရှိရန်


ဆိုင်အမှတ် ၂ ဖွင့်ပွဲ

ဆိုင်အမှတ်(၂) Soft Opening ဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ Central Point Shopping Mall မှာ ရှိတဲ့ ဆိုင်နီးနားချင်း အားလုံးကို မုန့်တွေ လက်ဆောင်ပို့ခဲ့တဲ့ အမှတ်တရ။

​ပိုမိုသိရှိရန်


ဆိုင်အမှတ် ၂ ဖွင့်ပွဲ ဆန်အလှူ

ရွှေတံတား ဆိုင်ခွဲ (၂) အရှေ့မှာ ရွှေတံတားမိသားစုမှ (၇)ရက် သားသမီးအပေါင်း အယုတ်အလတ် အမြတ်မရွေး အားလုံးအားဆန်တစ်​ပြည်အိတ်များဝေငှခဲ့စဉ်။

​ပိုမိုသိရှိရန်



ကျွန်ုပ်တို့သည် အများပြည်သူများနှင့်အတူ တစ်သားတည်းဖြစ်ပြီး အများပြည်သူကို အကျိုးပြုနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။

 ရွှေတံတား • စိန်ရွှေရတနာလုပ်ငန်းအုပ်စု

ဆိုင်အမှတ် ၂ ဖွင့်ပွဲ ဆွမ်းအလှူ

ရွှေတံတား ဆိုင်အမှတ်(၂) စတင်ဖွင့်လှစ်တဲ့ မင်္ဂလာမနက်ခင်းမှာ လေးပြင်လေးရပ်က သံဃာတော်၊ သီလရှင်ဆရာလေးများအား ဆွမ်းခဲဖွယ်များ လောင်းလှူ။

​ပိုမိုသိရှိရန်​

ဘာသာလူမျိုးမခွဲခြား

'ရွှေတံတား'ရဲ့ ချစ်မိတ်ဆွေအားလုံးကို အစ္စလာမ်ဘာသာဝင် ဝိုင်းတော်သားများရဲ့ စီစဉ်မှုဖြင့် အိဒ်နေ့အမှတ်တရ စမိုင်ချိုဆိမ့်ဆိမ့်လေးများ ကျွေးမွေးဧည့်ခံ။

​ပိုမိုသိရှိရန်​

ကဆုန်လပြည့်

ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယမှာ ရွှေတံတား လုပ်ငန်းစုမှ ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာစက်ရိပ်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ၁၉ လမ်းထောင့် ဉာဏ်တော် ၄၅ ပေအမြင့်ရှိ နေမင်းရာဇာဗုဒ္ဓ ဆင်းတုတော်ကြီးရှေ့တွင် တည်ထားမည့် ဂန္ဓကုဋိတိုက်နှင့် အာရုံခံရုပ်ပွားတော်အတွက် ငွေကျပ် ၂၅ သိန်း ဆက်ကပ်လှူဒါန်းပူဇော်ပြီး မိုးသူအင်ဂျင်ဝိုင်ဖြန့်ချိရေးမှ ပေ ၁၀၀ * ၄၅ ပေ အကျယ်ရှိ ဘုရားရင်ပြင်တော်အတွက် နေပူခံစကျင်ကျောက်ပြားခင်းရန် ဒုတိယအကြိမ်အဖြစ် ငွေကျပ် သိန်း ၁၀၀ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း။

​ပိုမိုသိရှိရန်​

ရေအကျိုး ၁၀ ပါး

* ရွှေတံတား * လုပ်ငန်းစုမှ မိုးသူအင်ဂျင်ဝိုင်နှင့် ပူးပေါင်းပြီး ရေဂါလံ ၃၀၀၀၀ အလှူတော်ကို မဟာပရဟိတလူမှုကူညီရေးအသင်းမှတစ်ဆင့် လှူဒါန်း။

​ပိုမိုသိရှိရန်​

ဇိဝိတ ဒါန

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ၆၂လမ်း ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ မူလ-ငါးစို့တိုက်၊ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းတွင် “ရွှေတံတား” စိန်ရွှေရတနာလုပ်ငန်းစုမှ နေ့လည်စာတစ်နပ် ဆက်ကပ်လှူဒါန်း။

​ပိုမိုသိရှိရန်​