Tickets

Registrations are closed

24 March 2024 @ Diamond Plaza

San Yeik Nyein GMP Branch

ရွှေမန္တလေးက "ရွှေတံတား"ဟာ မဟာရန်ကုန်မြို့ကြီးမှာ ဆိုင်ခွဲစတင်ဖွင့်လှစ်ထားပါပြီနော်...


လိပ်စာလေးက အင်းစိန်လမ်းမကြီးပေါ်က လှည်းတန်းမီးပွိုင့်အနီး ဂမုန်းပွင့် (စံရိပ်ငြိမ်) စင်တာကြီးရဲ့ ဒုတိယထပ် စက်လှေကားက တက်တက်ခြင်းမြင်ရတဲ့နေရာမှာပါ။ 

🕰️ ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ် 9️⃣: 3️⃣0️⃣ နာရီ မှ 6️⃣:3️⃣0️⃣ နာရီ ထိဖြစ်ပြီး သိလိုတာရှိရင်လည်း ဆိုင်ဖုန်းနံပါတ် ☎️ 09-79-5657-555 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဧည့်ခံပွဲ အစီအစဉ်

ရွှေတံတားရဲ့ ရွှေပွဲလာဧည့်သည်တော်များကို အောက်ပါမြန်မာထမင်းဟင်းလျာများဖြင့် တည်ခင်းဧည့်ခံသွားမှာ ဖြစ်ပါတယ် -

  • မဂျမ်းတောနှင့်ပေါ်ဆန်းထမင်း
  • ကြက်သားချက် ဆီပြန်
  • ကြက်ကုန်းဘောင်
  • ငါးအုံတုံကြော်နှပ်
  • အချဉ်ရည်ဟင်း
  • ထောပတ်ပဲနှပ်
  • ငရုပ်သီးကြော်
  • မျှစ်နှင့် ကင်းပုံသီးကြော်
  • အတို့အမြှုပ် ငါးပိရည်
  • ငါးပိချက်
  • ကျောက်ပွင့်သုပ်
  • အချိုပွဲ (ဆနွင်းမကင်း နှင့် အုန်းနို့ကျောက်ကျော)



ဆိုင်အမှတ်(၃) ဖွင့်ပွဲနေ့ကြီးမှာ ဝယ်ယူအားပေးသူတိုင်း အခေါက်ရွှေအပြင် အခြားသော ဗလာမပါ ဆုမဲအစီအစဉ် အပြင် uabpayနှင့် ငါးသောင်းဖိုးအထက် ပေးချေဝယ်ယူခဲ့လျှင် ထပ်ဆင့်ရွှေသားဆုများ ကံထူးခွင့် ရရှိဦးမှာ ဖြစ်ပါတယ်

 ဆိုင်အမှတ် (၃) ဖွင့်ပွဲအခမ်းအနား

ဗလာမပါ ကံထူးခွင့်

"‌ရွှေတံတား" ဆိုင်အမှတ် (၃) ဖွင့်ပွဲနေ့ကြီးမှာ အလျော့တွက်ထည်နှင့် လက်ခထည်တိုင်း အတုံးအခဲ (အကျစ်ထည်မပါ)ကို ဝယ်ယူအားပေးသူတိုင်း ငွေကျပ်တစ်သိန်းဖိုး ပြည့်လျှင် လပ်ကီးပုံဖော်စက်ဝိုင်း (spin wheel) တစ်ကြိမ်လှည့်ခွင့်ရရှိမှာ ဖြစ်ပါတယ်

ဗလာမပါ ရရှိမယ့်ဆုမဲများကတော့

  1. အခေါက်ရွှေ ဖက်ထုပ် လက်ပတ်
  2. အခေါက်ရွှေ သကြားခဲ လက်စွပ်
  3. ရွှေ "အခမဲ့" အရောင်တင်ခွင့်ကဒ်
  4. ရွှေတံတား ကြွေခွက်
  5. ရွှေတံတား ဘောပင်
  6. ရွှေတံတား စာမှတ်ကဒ်နှင့် သော့ချိတ် တွေပဲ ဖြစ်ပါတယ်။


ထပ်ဆင့်နှစ်ထပ်ကွမ်း 

ကံထူးခွင့်


uab ဘဏ် နဲ့ "ရွှေတံတား"တို့ ပူးပေါင်းပြီးပြုလုပ်သော အထူးကံစမ်းခွင့် အစီအစဉ်အဖြစ် ၂၀၂၄ခုနှစ်၊ မတ်လ (၂၄) ရက်မှ (၂၆) ရက်အတွင်း "ရွှေတံတား"မှာ uabPay နဲ့ ငါးသောင်းဖိုးအနည်းဆုံး ပေးချေဝယ်ယူရင် ရွှေသားအထူးဆုကြီး သုံးဆုကို ထပ်ဆင့်ကံထူးခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။ 

ရွှေသားအထူးဆုကြီး သုံးဆု (အခေါက်ရွှေသကြားခဲပုလင်း၊ အခေါက်ရွှေဖီချူးစုံတွဲလက်ပတ်နှင့် 18Kဆွဲသီးအပါရွှေဆွဲကြိုး)

စတုဒီသာအစီအစဉ်

"ရွှေတံတား" ဆိုင်အမှတ် (၃) ဖွင့်လှစ်တဲ့နေ့ ညနေခင်းမှာ လေးပြင်လေးရပ်က မည်သူ့ကိုမဆို ကြက်သားကြာဇံဟင်း ပိဿာ (၅၀)ကို ညနေ (၃)နာရီအချိန်ခန့်တွင် စတင်ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ပါတယ်။ 


ကျွေးမွေးလှူဒါန်းမည့်နေရာ - ၇၈ လမ်း၊ ဒိုင်းမွန်းပလာဇာအရှေ့ကွင်းပြင်။


ပြန်ကမ်းလက်ဆောင်

 "ရွှေတံတား"🌉ရဲ့ ဆိုင်အမှတ် 3️⃣ ဖွင့်ပွဲကြီးမှာ ကြွရောက်ချီးမြှင့်သူတိုင်းကိုအမှတ်တရ ❤️အနေနဲ့ ပြန်ကမ်းမယ့် လက်ပတ်လက်ဆောင်လေးတွေဟာ"ရွှေတံတား"🌉ရဲ့ လူမှုတာဝန်သိမှုအစီအစဉ်မှာ လက်မှုပညာဒါနသွားရောက်သင်ကြားပေးခဲ့တဲ့မန္တလေးမြို့၊ အမျိုးသမီးကလေးများသင်တန်းကျောင်းက ကျောင်းသူလေးများရဲ့ ဖန်တီးအားထုတ်မှုနဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်နော်...

ရည်ရွယ်အဓိပ္ပာယ်

"ရွှေတံတား"🌉ရဲ့ မျှော်ရည်ချက်ဖြစ်တဲ့ အကျိုးဆိုင်သူတိုင်းကို အကျိုးပြုနိုင်ဖို့အတွက် ချစ်ကာကာတို့ကို မေတ္တာလက်ဆောင်ပေးရာလည်းရောက်ပြီး သင်တန်းကျောင်းက စောင့်ရှောက်ထားတဲ့ မိန်းကလေးငယ်များကိုလည်း ကိုယ်စွမ်းကိုယ်စ ပိုမိုတိုးတက်စေရာရောက်အောင် စီစဉ်ထားတာပဲ ဖြစ်ပါတယ် 🥰
ငွေကြေးတန်ဖိုးအရ မများလှပေမယ့်မင်မင်တို့ "ရွှေတံတား"🌉ရဲ့ စေတနာနဲ့ စောင့်ရှောက်ခံကလေးတွေရဲ့ အားထုတ်မှုလေးကို ☺️ ဆိုင်အမှတ် 3️⃣ ဖွင့်ပွဲမှာ ဆက်ဆက် လက်ခံပေးပါနော် 😘

Tickets

Registrations are closed
Date & Time
Sunday, March 24, 2024
9:00 AM 1:00 PM (Asia/Yangon)

Add to Calendar

Location

Branch 3

--Branch 3--
09123456789

Get the direction

Organizer

Shwe Tatar

959960838075
it.shwetatar@gmail.com
SHARE

Find out what people see and say about this event, and join the conversation.